ကလေး ငယ်လေး တစ်ယောက် ကွမ်းယာ ရောင်းစားနေရတဲ့ ပုံကို ပို့ပေးလာတဲ့ ကိုဘိုးတော်ကို ကျေးဇူးတင်ပါတယ် ။


ARAKANLAND.COM is an indenpendent website of Arakan. It would be loved to freedom of expression on behalf of all the Arakanese nationals, who are presently oppressed by the colony of Burma.
ARAKAN was independent Kingdom throughout more than 5,000 years from 3325 BCE to 1784 ADE according to its chronicles.
ARAKANESE peoples have been long suffering through under the tyranny of colonial periods since its independence lost in 1784 ADE by the Burmese occupation. Arakan, under the Burmese intrudres from 1784 ADE to 1824 ADE, thousands of innocent peoples of Arakan were inhumanely killed as genocide by the brutal Burmese feudal King Maung Waying and his successors.
THE BRITISH annexed the Arakan in 1824 ADE and Japan invaded into the territory of Arakan by the sponsored of Burmese chauvinists in 1942 . Arakan was reoccupied by the British in 1945.
WHEN Burma gained an independence from British colony in 1948. Arakan is unfortunately became the slavery of Burma so far.
မလေးရှားနိုင်ငံတွင် ရခိုင်စာပေ ဟောပြောပွဲ ကျင်းပ 3/4/2008 |
မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်လူငယ်များ ကြိုးပမ်းမှုဖြင့် ရခိုင်စာပေ ဟောပြောပွဲ တရပ်ကို နိုင်ငံ၏ မြို့တော် ကွာလာလမ်ပူတွင် မတ်လ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ စာပေဟောပြောပွဲသို့ အမေရိကန် နိုင်ငံတွင် နေထိုင်သူ အငြိမ်းစား ပါမောက္ခ သမိုင်းပညာရှင် ဒေါက်တာ အေးကျော်၊ ရခိုင်အမျိုးသား သတင်းစာ အယ်ဒီတာချုပ် ဦးဌေးဝင်းနှင့် မလေးရှားနိုင်ငံမှ မင်းဘာကြီး ရံပုံငွေ အဖွဲ့မှ ဦးထွန်းအောင်ကျော်တို့ တက်ရောက် ဟောပြောခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ဟောပြောရာတွင် ဒေါက်တာအေးကျော်မှ ရခိုင်လူမျိုးတို့ ယဉ်ကျေးမှုနှင့် နောက်ခံသမိုင်းတို့အား၎င်း၊ ဦးဌေးဝင်းမှ လက်ရှိ ကာလတွင် မီဒီယာ၏ အရေးပါမှုကို၎င်း၊ ဦးထွန်းအောင်ကျော်မှ ရခိုင်ဝေါဟာရနှင့် ရခိုင်စကား အကြောင်းများကို ဟောပြောခဲ့ကြသည်။ “ ရခိုင်လူမျိုးတည်တံ့ရေးအတွက် ရခိုင်သားတိုင်းအမျိုးသားရေး တာဝန် တရပ်အနေဖြင့် ရခိုင်စကားကို ပြောဆိုရန် လိုအပ်ကြောင်း ”ကိုလည်း ဦးထွန်းအောင်ကျော်က ပြောကြားခဲ့ကြောင်း သိရှိရသည်။ အခန်းအနားသို့ မလေးရှားတွင် ရောက်ရှိနေကြသော ရခိုင်လူငယ် ၇၀ ခန့်တက်ရောက်ခဲ့ပြီး ဟောပြောမှုများကို နားထောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ အခန်းအနားအား ကွာလာလမ်ပူမြို့ရှိ အာသောကာ ရာမကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
|